Thursday, August 13, 2009

If you unable double click on Drive C: or D: to open

Harddisk ကို Double Click လုပ်ပြီး ဖွင့်လို့မရရင် ဒီလိုလုပ်ပါ...

Harddisk C: or D: or other partitions and Memory Stick ကို My Computer မှ Double click လုပ်ပြီးဖွင့်တဲ့အခါမှာ မပွင့်ပဲ Auto run ပုံစံနဲ့ ဘယ် program နဲ့ဖွင့်မလဲဆိုပြီး မေးလာပါတယ်။ အရင်က တချို့ ဆိုက်ဘာက ကွန်ပျူတာတွေမှာ ဖြစ်တာတွေ့တော့ တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဘာမှ ထပ်ပြီး မစဉ်းစားပဲ Right click လုပ်ပြီး Explorer ကနေ ဝင်ပြီးသုံးပါတယ်။ ဟိုနေ့က မထင်မှတ်ပဲ ကိုယ့်ကွန်ပျူတာမှာ ထဖြစ်လာတာကို သတိထားမိတယ်။ ဘယ်လိုဖြစ်တာပါလိမ်ဆိုပြီး Virus cleaner နဲ့ Scan လုပ်ပြီး ရှင်းထုတ်တယ်။ ဒါပေမဲ့ မရဘူး။ ဒါနဲ့ Online မှာ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုပြီးရှာကြည့်တယ်။ ဒီလိုဖြစ်ရတဲ့အကြောင့်အရင်းကတော့ Auto run.inf Trojan virus ကြောင့်ဖြစ်တာပါ။ တချို့ကတော့ Virus cleaner နဲ့ စစ်ပြီး Fix လုပ်ဖို့ပြောတယ်။ အဲဒီထဲမှာ အလွယ်ကူဆုံးနဲ့ အမြန်ဆုံးဖြေရှင်းတဲ့နည်းကတော့ Registry မှာ mountpoints2 ဆိုတဲ့ folder ကို ရှာပြီး Delete လုပ်လိုက်ရုံပါပဲ... တော်တော်လည်းလွယ်ကူပါတယ်။ Flash_Disinfector ဒီဆော့ဝဲနဲ့လည်းဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့ ဒါက Download လုပ်ပြီး Computer ထဲကို Install လုပ်ဖို့လိုနေပြန်ရော။ အဲဒီလိုလုပ်စရာမလိုပဲ အလွယ်ကူဆုံး ချက်ခြင်းလုပ်နိုင်တဲ့နည်းကတော့ အောက်ပါအတိုင်းလုပ်လိုက်ရုံသာ...

၁။ Click Start and Run ကို Click လုပ်ပြီး regedit (to registry edit) ရိုက်ပြီး Enter နှိပ်ပါ။
၂။ Ctrl+F or Edit menu မှ Find ကို နှိပ်ပါ။
၃။ Type "mountpoints2" ရိုက်ပြီး ဿFind Next ကို နှိပ်ပါ။
၎။ အဲဒီမှာ "mountpoints2" ဆိုတဲ့ Folder ကို Delete လုပ်ပါ။ ပိုပြီး စိတ်ချရအောင် နောက်တကြိမ် ထပ်ရှာပါ။ တွေ့ရင် ထပ်ဖြတ်ပါ။ လုံးဝ မတွေ့တော့ဘူးဆိုရင်တော့ အားလုံး OK ပါပြီ။ My Computer ကနေ ထပ်ပြီး Double Click လုပ်ပြီး ဖွင့်ကြည့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

P.S: The Article using New Zawgyi2009 font and type with KeyMaster by Mark-KoSoeMin

Sponsors Ads