Tuesday, November 5, 2013

If you want to shutdown your computer automatically...

 
ကွန်ပျူတာကို အလိုလျောက် ပိတ်လိုလျှင်…

ကွန်ပျူတာနဲ့ online movies & music သီချင်းနားထောင်ရင်း အတွေးတခုကိုသွားပြီး စဉ်းစားမိတယ်.... အိပ်ပြီး သီချင်းနားထောင်ရင်း ကွန်ပျူတာမပိတ်ပဲ တညလုံး အိပ်ပျော်သွားတဲ့ ညတွေ များများလာရာက စပြီး ၀င်လာတဲ့အတွေးပါပဲ… ဒီလိုအမြဲတမ်း မလိုအပ်ပဲ အလဟသ လျှပ်စစ်မီးကုန်တာကတမျိုး၊ ကွန်ပျူတာ Fan က ညမှာဆို တ၀ူဝူအသံနဲ့အတူ… ဘာမှ အကျိုးမရှိပဲဖြစ်နေတဲ့ အတွက် ကွန်ပျူတာကို အလိုအလျှောက် ပိတ်သွားအောင်လုပ်ထားရင် ကောင်းမယ်လို့အကြံရတယ်… ဒါနဲ့.. Google search မှာ ဒီလို ရှာကြည့်တော့.. How to shutdown computer automatically? အဲဒီမှာ တင်ထားတဲ့ ပိုစ့် တွေ ရှာဖတ်ကြည့်တယ်… Windows XP ရဲ့ System 32 မှာ ရှိတဲ့ Shutdown.exe ကို အသုံးပြုပြီး Schedule Task မှာ Shutdown Task ကို Run လုပ်တဲ့ method ကို စမ်းပြီး လုပ်ကြည့်ပါတယ်… ဒါပေမဲ့ Program Task က Run ပေမဲ့ ကွန်ပျူတာက ပိတ်မသွားပါဘူး… အဲဒါနဲ့ Third-Party Freeware ကို လိုက်ရှာတယ်… Freeware တော်တော်များများကို တွေ့ပါတယ် ဒါပေမဲ့ Install လုပ်ပြီးရင် Activate လုပ်ရမဲ့ Trial Version ကိုပဲ ဖြစ်နေပါတယ်… ပိုက်ဆံအကုန်ခံပြီး ၀ယ်ဖို့အထိလည်း မလိုအပ်ဘူးဆိုတော့.. သိတဲ့အတိုင်း အလကား ရနိုင်တာကို download လုပ် စမ်းကြည့်… ဒါနဲ့ အဲဒီမှာ အကောင်းဆုံးနဲ့ ဘာလုပ်ဖို့မှမလိုတဲ့ 100% Freeware ကို သွားတွေ့ပါတယ်.. ဒါပေမဲ့ Install လုပ်ပြီး ကြည့်လိုက်တော့ User Interface က ဘာ ဘာသာနဲ့ ရေးထားမှန်းမသိဘူးဖြစ်နေတယ်… ဒါပေမဲ့… ဘယ်ရမလဲ… Language နားမလည်ပေမဲ့ Software ရဲ့ အဌာကို သိထားတော့ စမ်းပြီး Test လုပ်ကြည့်တယ်… အဲဒီမှာ ကျွန်တော်လိုချင်တဲ့ Freeware ကို ရတယ်လို့ဆိုရမှာပဲ… Language နားမလည်လဲ လွယ်ကူစွာ အသုံးပြုလို့ရတဲ့အတွက် တော်တော်အသုံးဝင်ပါတယ်… ဒီ Software ရဲ့ ကျေးဇူးကြောင့် ကျွန်တော်လိုချင်တဲ့ အချိန်ကို (Specified period) ကွန်ပျူတာကို Automatic ပိတ်စေပြီး ကောင်းကောင်းစိတ်ချလက်ချ အိပ်လို့ရသွားပါတယ်.. ဒါနဲ့မပြီးသေးဘူး ထပ်ပြီး စဉ်းစားရင်း Post တင်ပြီး ကျွန်တော်လို စိတ်တူ အတွေးတူ မိတ်ဆွေအားလုံးကို Share လုပ်လိုချင်ပါတယ်… နောက်တခုက ဒီ Language ကို ကိုယ်ကိုတိုင် ဘာမှန်းကို မသိဘူးဖြစ်နေတယ်.. ဒါနဲ့ ထပ်ပြီးတွေး လိုက်တော့ Google Translate Tools ကို သွားသတိရတယ်… Google မှာ ဘာသာပြန်ဖို့ဆိုပြီး Software ရဲ့ စာသားကို ကူပြီး ဘာသာပြန်ဖို့လုပ်တော့ နောက်တခု ဘာ Language ကနေ English ကို ပြန်ရမှန်မသိဖြစ်နေပြန်ပါတယ်… အဲဒီမှာ ချစ်စရာကောင်းတဲ့ Google ရဲ့ Auto Detect နဲ့ ဘာသာပြန်လိုက်တော့မှ English လိုတော့ ဖတ်လို့ရပါတော့တယ်… ဒါပေမဲ့လည်း အချို့စလုံးတွေကို နားမလည်တာလား ဒါမှမဟုတ် ဘာသာပြန်လို့မရတဲ့အတွက် မူရင်းစလုံးအတိုင်းပေါ်နေပါတယ်.. ဒါပေမဲ့ အဓိပ္ပါယ်အားလုံးကို လွယ်ကူစွာနားလည်နိုင်ပါတယ်… အောက်မှာ Google Translate က နေ ဘာသာပြန် လုပ်ထားပါတယ်… မိတ်ဆွေအားလုံး ရွှင်လန်းချမ်းမြေ့ပါစေ….

To Download (ဒေါင်းလုပ်လုပ်ရန်) Download
Step - 1
Step - 2

Step - 3
 Program Window


 Enjoy!!! and credit to http://happycomputer.pl/programy/cwk.php

Sponsors Ads